နတ်မောက်မြို့နယ်၌ Seeder စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးလျက်ရှိ        

နတ်မောက် မေ ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အင်းကုန်းကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ပ/ဂွေးချိုကျေးရွာနှင့် ပ/ကျောင်းကုန်းကျေးရွာများတွင် Seeder စနစ်ဖြင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ Seeder စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးမျိုးစေ့အကုန်သက်သာခြင်း၊ အလုပ်သမားစရိတ်သက်သာခြင်း၊ အပင်များ အတန်းလိုက်ဖြစ်၍ လေဝင်လေထွက်ကောင်းပြီး ပေါင်းမြက်ရှင်းလင်းရန်လွယ်ကူခြင်း၊ အောင်မြင်ဖြစ်ထွန်းသော စပါးပင်များရရှိခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးသည့်စနစ်သည် လုပ်သားလိုအပ်ချက်အနည်းဆုံး အစားထိုးစိုက်ပျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောကြားခဲ့သည်။    

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းစပါးမျိုးစေ့များထွက်ရှိရေးအတွက် စနစ်တကျ ထွန်ယက်ပြုပြင်ထားသော လယ်မြေများတွင် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး တာဝန်ကျ စိုက်ကြပ်ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း