နတ်မောက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မေလ(၂)ရက်နေ့မှစတင်၍ အခမဲ့အခြေခံကွန်ပျူတာသင်တန်း ထပ်မံဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီ လူသားတိုင်း တွင်ကျယ်စွာ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ကြောင်း၊ ကွန်ပျူတာအခြေခံကို သင်ယူတတ်မြောက်စေရန်နှင့် လူငယ်များ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် အခမဲ့ကွန်ပျူတာသင်တန်း ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခမဲ့ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၁၈)ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံဘာသာရပ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မူမူစန်း