ပခုက္ကူ မေ ၅
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်ဌာန၌ ပြုလုပ်ရာ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ပထမဦးစွာ သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးပြီး သွေးလှူရှင် (၂၁)ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုကို ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)