ကော့သောင်းမြို့တွင်  (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကော့သောင်း မေ ၆

၂၀၂၅ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်‌အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မတ်လ(၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ၇.၇ရစ်(ချ်)တာစကေးရှိ အလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်း‌နည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ (၁)မိနစ်ငြိမ်သက်ခဲ့ကြသည်။ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားဂုဏ်ပြုမိန့်ခွန်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဆိုင်ရာ ဂုဏ်ပြုဆုရရှိကြသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ‌ ပေးအပ်ချီးမြှင့်ခြင်းနှင့် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ယင်းနောက် ဧည့်သည်တော်များအား မနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး  တာဝန်ရှိသူများက မြေညီထပ်တွင် ပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ၂၀၂‌၄-၂၀၂၅ ခုနှစ်အတွင်း ကော့သောင်းခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၏ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)