ကော့သောင်းမြို့တွင် ပြည်သူများအင်တာနက်အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးတိုက်ခိုက်ပြောဆိုခြင်းအပေါ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကော့သောင်း မေ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ပြည်သူများ အင်တာနက်အသုံးပြု၍ လူမှုကွန်ရက်ပေါ်တွင် သတင်းအတု/သတင်းအမှားများ တင်ခြင်း၊ မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို မေလ(၃)ရက်နေ့ မွန်းတည့်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပရာ သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများနှင့်  တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုအုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုး၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသန့်ဇင်တို့က သတင်းတု/သတင်းအမှားများအား လူမှုကွန်ရက်တွင် ပြန်လည် ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ကာယကံရှင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ လည်းကောင်း၊ ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ပါက အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၃၃(က) အရ လည်းကောင်း၊ နိုင်ငံရေးအကြောင်းအရာဖြစ်လျှင် ၅၀၅-က အရလည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်း ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများ အင်တာနက်အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်း၊ နိုင်ငံရေးတိုက်ခိုက်ပြောဆိုခြင်းများနှင့်ပတ်သက်၍ သက်ဆိုင်ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို အေးရိပ်ငြိမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင်ရာအိမ်မှူးများI ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များမေးမြန်းခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)