ထားဝယ် မေ ၄
ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအားအခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်းကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် တိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းက ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတတ်မြောက်ကျွမ်းကျင်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကွန်ပျူတာပညာရပ်အား စိတ်ပါဝင်စားစွာ သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်ယုကေခိုင်က ကျောင်းသားလူငယ်သင်တန်းသားများအား Computer Typing ၊ Mouse Skill ၊ English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု Skill ၊ About Computer System ၊ Microsoft Word စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)