နန်းယွန်းမြို့တွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ပြန်လည်သင်ကြားနိုင်ရေး ဆရာ/ ဆရာမများအား သင်တန်းပို့ချ

နန်းယွန်း မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများ ပြန်လည်သင်ကြားနိုင်ရေး အတွက် နန်းယွန်းစာစစ်၊ ဆရာ/ဆရာမများအား ပို့ချသင်ကြားပေးခြင်းကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မေလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ မုံရွာတက္ကသိုလ်မှ ဆရာ/ ဆရာမများက နန်းယွန်းစာစစ်၊ ပန်ဆောင်စာစစ်၊ နည်းပြနှင့် အတန်းပိုင်ဆရာ/ ဆရာမများအား Video Conferencing စနစ်ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သည့် ဆရာ/ ဆရာမများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နံနက်စာနှင့် ညစာများ စီစဉ်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)