တောင်တွင်းကြီးမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး မေ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မေလ ()ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများပူးပေါင်း၍ မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား မီးသတိမူရေးအတွက် မီးသတိမူရေးစာတမ်းများ ချိတ်ဆွဲခြင်း၊ လျှပ်စစ်မီးကို စနစ်တကျအသုံးပြုစေရေး၊ အသိပညာပေးလက်ကမ်း‌စာစောင်များဖြန့်ဝေခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်မီးကပ်၊ သဲပုံးရေပုံးများထားရှိစေခြင်း၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေသိုလှောင်စေခြင်း၊ မီးသတ်ဆေးဘူး လုံလောက်စွာထားရှိစေခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုဆွေးနွေးမှာကြားခြင်း၊ ဆိုင်တွင်းချိတ်ဆက်ထားသော မီးသတ်ဆေးဗူးများအား ရက်လွန်ခြင်းရှိမရှိစစ်ဆေးခြင်း၊ အသုံးပြုပုံ/နည်းများကို ပြသဆောင်ရွက်ခြင်းများနှင့် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)