အောင်လံ မေ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီက အောင်လံမြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထက်ဇော်မင်းဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၆)ဦးမှ ပြည်သူ့ဆေးရုံကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးမှ သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းတို့မှ သွေးလှူဒါန်းသည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အားဖြည့်အချိုရည်နှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)