မုံရွာ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ဧရာဝတီမြစ်ကူး စစ်ကိုင်းအင်းဝတံတား အဟောင်းကြီး၏ ဂုံး ၁၀ ဂုံးရှိသည့်အနက် ဂုံး ၆ ဂုံး ပြိုကျပျက်စီးခဲ့ရာ မြန်မာစီးပွားရေး ကော်ပရေးရှင်းမှ စက်ယန္တရားများ၊ လူအင်အားများဖြင့် ရေလမ်းကြောင်းကောင်းမွန်စေရန် အတွက် တံတားကြီး၏ ဂုံးအမှတ် ၄ မှစတင်၍ တံတားကြီးအား ပြန်လည်ဆည်တင်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများမှ တံတားကြီး ဆည်တင်နေမှု လုပ်ငန်းများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က လုပ်ငန်းများဆောင်ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တံတားကြီး ဆည်တင်နေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၃)မြို့နယ်စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် စစ်ကိုင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ဦးကျော်အား ပညာရေးတက္ကသိုလ် (စစ်ကိုင်း)ရှိ သက်မှတ် ကျောင်းဆောင်စာသင်ခန်းများတွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် စခန်းသွင်း စာသင်ကြားချိန်ကာလအတွင်း နေထိုင် စားသောက်ရေးနှင့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့သည် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်သို့ ထမင်းစားဆောင်များတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ နေ့လည်စာသုံးဆောင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့သည် မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ရာဇမဏိစူဠာ ကောင်းမှု တော်စေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ရတနာထွဋ်ခေါင်စေတီတော်၊ ဥမင်သုံး ဆယ်စေတီတော်၊ လေးကျွန်းမာရန်အောင်စေတီတော်၊ မရှိခဏစေတီတော်၊ စေတီလှ စေတီတော်မြတ်ကြီးများရှိ စေတီတော်ကြီးများနှင့် သာသနိကအဆောက်အဦများ ပြို ကျပျက်စီးနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်များအားလည်းကောင်း၊ စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ ပြိုကျပျက်စီးမှုများအားလည်းကောင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှား နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးခဲ့မှုများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)