ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများတွင် သိုလှောင် ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ ရုံးအတွင်း/ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်‌ထားရန် အသိပညာပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ကြရန်နှင့် ခြင်လောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)