ဆိပ်ဖြူမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်းရေး ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ မေ ၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် လူသုံးကုန်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနအသီးသီးမှ  ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဝင်တို့ ပူးပေါင်း၍ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား တည်ဆောက်ရေးလုပ်ငန်းသုံး လက်လီ/လက်ကား အရောင်းဆိုင်များ၌ ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချရာ၌ ပြည်သူအများ၏ လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်အစရှိသော ကိစ္စရပ်များအပေါ် အခြေခံ၍ အကျိုးအမြတ်ရရှိရေးထက် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိရေး၊ ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်းရေး လိုက်နာဆောင်ရွက်သိရှိရမည့် အချက်လက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)