ကျိုက်လတ်၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် တက်အိမ်တက်ဆင်း စစ်ဆေးခြင်းများဆောင်ရွက်

ကျိုက်လတ် မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် တက်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် ဆိုင်းဘုတ်တင်အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် စိုက်ထူခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည်  မြို့ပေါ်ရပ်ကွက်များတွင် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ ပြည့်စုံစွာဆောင်ရွက်ထားခြင်းရှိ/မရှိ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မီးသတိမူရေး အသံချဲ့စက်ဖြင့် နေ့စဉ်လှည့်လည်ဆော်သြခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)