ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကန့်ဘလူ မေ ၂

ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းအာရေးဌာန၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ကြသူကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြေသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ ဂျိုက်သိုး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)