ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ရုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ပုသိမ် မေ ၂

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးစာရင်းစစ်ရုံးတွင် ယနေ့နံနက်ပိုင်း၌ တိုင်း၊ ခရိုင်၊ မြို့နယ် စာရင်းစစ်ဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ စစ်ဆေးကုသပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးတို့ကဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများနှင့်ပတ်သက်၍ အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုစစ်ခြင်း၊ အောက်စီဂျင်တိုင်းခြင်း၊ သမားတော်စစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး လိုအပ်သူများအား သောက်ဆေးပေးခြင်းများနှင့် စစ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)