မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ မေ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်‌ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က စိုက်ပျိုး‌ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လျာထားချက်ပြည့်မီရေးဆောင်ရွက်ရန်၊ မွေးမြူရေးနှင့်ပတ်သက်၍ ဒေသကြက်တိုးချဲ့မွေးမြူရေး၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ကြရန်၊ မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ဘင်ခရာသင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးသစ်ပင်စိုက်ပျိုးကြရန်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအလိုက်ဆောင်ရွက်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူထားသည့် ကျေးရွာများမှ တောင်သူများပြန်လည်‌ပေးဆပ်နိုင်‌ရေးပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သီးထပ်စွမ်းအားမြှင့်တင်ရေးဒေသကြက်မွေးမြူရေး၊ မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

 ဇာဇာ(အထက်မင်းလှ)