ကော့သောင်း မေ ၂
၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်စခန်းအရှေ့ဘက်တွင် ဆိုင်းဘုတ်စိုက်ထူခြင်း၊ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ စတစ်ကာနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်တော်အေးဘုရားစေတီတော်နှင့် ထိုင်တော်မူဘုရားများရေသပ္ပာယ်ခြင်း၊ ပြည်တော်အေးဘုရား ရေကန်ရေဖြည့်ခြင်း ဗောဓိညောင်ပင် ညောင်ရေသွန်းလောင်းခြင်းတို့အား ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီဝန်ထမ်းများနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မေလ (၂) ရက်နေ့တွင် စုပေါင်းသွေးလှူခြင်း၊ မေလ (၃) ရက်နေ့တွင် မီးဘေးသဘာဝဘေးများ ကင်းဝေးစေရေး ပရိတ်တရားနာယူ၍ ဆွမ်းဆက်ကပ်ခြင်း၊ မေလ (၅) ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ၍ မိန့်ခွန်းခံယူခြင်း၊ ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့မှုပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)