သရက်ချောင်းမြို့နယ်၌ ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း မေ  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က သရက်‌ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကောင်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်ခင်ဝေနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်သက်ထူးက ၂၀၂၅၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်ခင်ဝေမှ ၂၀၂၅၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနများအား စီမံ ကိန်းတာဝန်များ ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်သက်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)