ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ စစ်ကိုင်းမြို့၌ မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရားစေတီပုထိုးများနှင့် အဆောက်အအုံများ ပြန

စစ်ကိုင်း  ဧပြီ ၃၀

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၌ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မဟာစေတီလှဘုရားကြီးအား ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက် နေမှု၊ ကောင်းမှုတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ပြိုကျပျက်စီးခဲ့သည့် ‌စာသင်ဆောင်များ ပြန်လည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ဥမင်သုံးဆယ်ဘုရား၊ လေးကျွန်းမာရ်အောင်ဘုရားနှင့် သုတေသကသီလရှင်စာသင်တိုက် ပြန်လည်ရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များအား ပြန်လည် ရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက စက်ယန္တရားများ၊ လုပ်ငန်းသုံးယာဉ်များဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)