သံတောင်ကြီးမြို့တွင် ရာသီပေါ်သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဈေးကောင်းရရှိ

သံတောင်ကြီး ဧပြီ ၃၀

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခု ဧပြီလနောက်ဆုံးပတ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

အဆိုပါ ဂေါ်ရခါးသီးများသည် လူကြိုက်များသည့် သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ် ချက်စားရာတွင်လည်ကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊ မိုး၊ ဆောင်း ရာသီမ‌ရွေး အသီးသီးကာ ယခုအချန်တွင် ဂေါ်ရခါးသီးများ စတင်သီးပြီး ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀) အထိ ရရှိကြောင်း သိရသည်။ ဂေါ်ရခါးသီးများကို အိမ်အတွင်းစားသုံးရန်အတွက်သာမက အပိုဝင်ငွေ ရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင် သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

နော်နော်မူ (ပြန်/ဆက်)