သာပေါင်း ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၌ ယနေ့ ဧပြီလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ကာ နွေစပါး(နယူးဧရာ-၁၁) စံကွက်ရိတ်သိမ်းပွဲ ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးရည်မွန်တို့က တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပြီး ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာ၊ကွင်းအမှတ်(၅၃၄)၊ ဦးပိုင်အမှတ်(၈၉/၁)၊တောင်သူဦးသိန်းစိုး လယ်မြေ(၃)ဧကတွင် စုပေါင်းကြဲပက်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ စီးပွားရေးရာ ဝန်ကြီးဦးတင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ကွင်းအမှတ်(၅၃၄)၊ ဦးပိုင်အမှတ်(၈၇/၃)၊ တောင်သူဦးသိန်းစိုး လယ်မြေ(၂)ဧကတွင် နွေစပါး(နယူးဧရာ-၁၁) စံကွက်ရိတ်သိမ်းရာ အစို(၂၃၀)တင်း၊ အခြောက်(၂၂၁)တင်း ထွက်ရှိမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သာပေါင်း ပြန်/ဆက်