မအူပင်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မအူပင် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ ၁ နာရီက မအူပင်မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးမှ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စံပြဆုရရှိခဲ့သည့် လက်ခုပ်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဆောင်ရွက်ရာတွင် စံပြဆုရရှိခဲ့သည့် ထနီဒေါင့်ကျေးရွာတို့အား ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်း‌နောက် အခမ်းအနားသို့ တက်ရောက်လာသည့်ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့နှင့် ‌ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ကော်မတီဝင်များမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးအကြံပြုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၁၁)ရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၇၅)ယူနစ်၊ (၉၃)ရွာ၊ VRFP စီမံကိန်း (၃)ယူနစ်၊ (၃)ရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျေးရွာကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။                                     

အောင်မြင့်မြတ်