အိမ်မဲ ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန် ခန်းမတွင် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက်ဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပရာ မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂)၊ အဖွဲ့ဝင် (၃)နှင့်အတွင်းရေးမှူးတို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ မြို့နယ်တရားရုံး၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စာတိုက်တို့မှ တာဝန်ရှိသူများအား စီမံကိန်းတာဝန်များကို အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်