လပွတ္တာမြို့နယ်၌၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ လပွတ္တာမြို့နယ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်မေသန်းဌေးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်မှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ လပွတ္တာမြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကဏ္ဍစီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ ကျေးရွာအုပ်စုအလိုက် သီးနှံအမျိုးမျိုးစိုက်ပျိုးရန် စီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ‌နယ်မြေဒေသ အလိုက် အသီးသီးတာဝန်ပေးအပ်ခဲ့ပြီး လပွတ္တာမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသူရက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်း တာဝန်ပေးအပ်မှုနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးကနိဂုံးချုပ်အမှာစကားပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)