ဒေးဒရဲမြို့နယ်၌ ပညာရေးဆိုင်ရာအညွှန်းကိန်းတွက်ချက်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများသင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ပညာရပ်ဆိုင်ရာများ ပိုမိုတိုးတက် လာစေရေး ရည်ရွယ်၍ ပညာရေးဆိုင်ရာ အညွှန်းကိန်းတွက်ချက်မှုလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံပညာနှင့် စိုက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦလှစိုးက အဖွင့်အမှာပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်ကြားမှု၊ သင်ယူမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေးနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်အမီ သန့်ရှင်းသာယာရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်နှင်းအိကိုကိုက ပညာရေးဆိုင်ရာ အညွှန်းကိန်းတွက်ချက်မှု လုပ်ငန်းများတွင် ဖြည့်သွင်း ဆောင်ရွက်ရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အညွှန်းကိန်းတွက်ချက်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း(၂၂၁)ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း