စလင်း ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ လက်မဲကျေးရွာ၊ ဇယ်တွင်းကျေးရွာ၊ ရွာသာကုန်းကျေးရွာရှိ ရဟန်းရှင်လူ၊ ပြည်သူများမှ စုပေါင်း၍ ငလျင်ဘေးသင့် ရဟန်းသံဃာ၊ သီလရှင်နှင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ကြစေရန် အလှူငွေများကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမဆောင်၌ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ စလင်းမြို့နယ် ကျးရွာအုပ်စု(၃)အုပ်စုဖြစ်သည့်၊ လက်မဲကျေးရွာ၊ ဇယ်တွင်းကျေးရွာ၊ ရွာသာကုန်းကျေးရွာရှိ ရဟန်းရှင်လူ ပြည်သူများကစုပေါင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသား၊ အမျိုးသမီးကလေးများက ဦးဆောင်ကြီးကြပ်မှုဖြင့် စေတနာရှင်များ သဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ပြီး အလှူငွေကျပ်သိန်းနှစ်ဆယ်အား စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးရန်နိုင်စိုးအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လွှဲပြောင်းပေးအပ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း