တောင်တွင်းကြီး ဧပြီ ၃၀
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များအား ယမန်နေ့နံနက် (၈)နာရီအချိန်က ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ခိုင်ခိုင်ကျော်၊ ဝါဝါဝင်း၊ နန်းထိုက်စံ၊ T&T ၊ New Day ၊ အာကာကျော်စက်သုံးဆီအရောင်းဆိုင်နှင့် မြင့်မိုရ်ဆုစက်သုံးဆီအရောင်းဆိုင်တို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)