နတ်မောက်မြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

နတ်မောက် ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက လူစည်ကားသည့်နေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မီးဘေးဆိုသည့်မှာ လူပြုသောဘေးတစ်ခုဖြစ်သည်။ သဘာဝဘေးလည်းဖြစ်နိုင်သည်။ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်သည့်အတွက် မီးဖိုအသုံးပြုခြင်း၊ ဘုရားမီး၊ အမွှေးတိုင်မီး၊ ဆေးလိပ်မီး၊ ဓါတ်ဆီမီး၊ လျှပ်စစ်ဓါတ်အားသုံးစွဲသည့် အကြောင်းအရာများ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရသည့် အကြောင်းအရာများ၊ အများပြည်သူမီးသတ်ဆေးဘူး အသုံးပြုပုံများစသည့် အကြောင်းအရာပါ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ရှောင်ရန်/ဆောင်ရန် သတိပြုလိုက်နာရမည့် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ကားဂိတ်၊ ဈေးနှင့် လမ်ဆုံ/လမ်းဂွများ၊ လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လှဝင်း