ပခုက္ကူမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်

ပခုက္ကူ ဧပြီ ၃၀

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့နယ်အတွင်း ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီးအပါအဝင် ဈေးများရှိ ဈေးသူ၊ ဈေးသားများထံ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း စသည့် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)