မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲ ကျင်းပ

အထက်မင်းလှ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ပွဲကျင်းပခဲ့ရာ လယ်ယာမြေကဏ္ဍအတွက် မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ သားငါးကဏ္ဍအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောကဏ္ဍအတွက် မြို့နယ်သစ်တောဦးစီးဌာန၊ လျှပ်စစ်ကဏ္ဍအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဆက်သွယ်ရေးကဏ္ဍအအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆောက်လုပ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် မြို့နယ်လမ်းဦးစီးဌာန၊ ရင်နှီးမြှုပ်နှံမှုကဏ္ဍအတွက် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ ငွေရေးကြေးရေးကဏ္ဍအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများအား မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်သော်သော်လှိုင်က မင်းလှမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ‌ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                                                                                         

ဇာဇာ(အထက်မင်းလှ)