တောင်တွင်းကြီးမြို့နယ်၌ အိမ်ဆောက်ပစ္စည်းများ ကုန်စျေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဘိလပ်မြေအရောင်းဆိုင်များနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာတို့ ပူးပေါင်း၍  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် စျေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ တရားဝင်ဖြန့်ဖြူးရောင်းချထားသော အိမ်ဆောက်ပစ္စည်းများ ဟုတ်/မဟုတ်၊ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ကုန်ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြနိုင်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)