ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရေလယ်ကျွန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဟောပြောပွဲကျင်းပ

ကြံခင်း ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ ပန္တိတရာမ ကျောင်းတိုက်တွင် ဧပြီလ(၂၈)ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲကို ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌဒေါ်ခင်ခင်စန်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောသည်။ ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒေါ်မိုးမင်းစန်း၊ တပ်ခွဲမှူး ဦးနိုင်နိုင်ဦးနှင့် ဦးမျိုးဇော်၊ ဒုတိယတပ်ခွဲမှူး စည်သူထွန်းတို့က ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေ့စဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ငလျင်လှုပ်ပြီး နောက် ရှောင်ရှားသင့်သည့်အချက်များနှင့် မြန်မာနိုင်ငံ၏ ငလျင်ဇုန်များအကြောင်းအားလည်းကောင်း၊ မုန်တိုင်းမဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပေါ်ပြီးချိန်တို့တွင် မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ရှောင်ရှားလုပ်ဆောင်သင့်သောအချက်များ၊ လေဘေးနှင့် စသည့်သဘာဝဘေးအန္တရာယ်များကို အသီးသီးရှင်းလင်းပြောကြပြီး၊ ဆုံလဲအုပ်စု အိုဘိုကုန်းကျေးရွာ ရာအိမ်မှူး ဦးလှဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းဟောပြောသို့ ရေလယ်ကျွန်းကျေးရွာ ဒေသခံပြည်သူ ကျား ၂၈ ဦး၊ မ ၂၂ ဦး စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)