လပွတ္တာ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ပြင်စလူမြို့၊ ဆိုင်ကလုန်းရှပ်တာ အမှတ် (၁)တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များက ၎င်းမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာနေပြည်သူများ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့ခံဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သောတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)