ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူး

ပုသိမ် ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ တောင်သူ ဦးသောင်းလှိုင်၏ လယ်မြေ(၃)ဧကနှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်းတောင်ကျေးရွာရှိ တောင်သူ ဦးသိန်းဇော်၏ လယ်မြေ(၅)ဧကတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များပေးအပ်ကာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များစုပေါင်းကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)