(၇၉) နှစ်‌မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပြည် ဧပြီ ၂၈

(၇၉) နှစ်‌မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ပြည်သာယာရပ်ကွက်ဥယျာဉ်စု၌ မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကွင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက အဆိုပါရပ်ကွက်နေပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောဆွေးနွေးပြီး တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေခြင်း စသည့်အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)