ပုသိမ် ဒီဇင်ဘာလ ၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်၉ နယ်မြေစိန်ကုန်းရပ်ကွက် သုဒ္ဓမ္မာလမ်း၌ဝါးဖြင့်ခြင်း အမျိုးမျိုးရက်လုပ်လုပ်ကိုင်သူတို့ ဝင်ငွေကောင်း လျက်ရှိကြောင်းသိရသည်။
ကျနော်တို့ရပ်ကွက်မှာရှိတဲ့ မိသားစုတွေက ဒီဝါးခြင်းအမျိုးမျိုးယက်လုပ်တဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေတာ ဘိုးဘွားများ လက်ထက်ကလုပ်ကိုင်ကြတာဖြစ်ပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေကြောင်းနှင့် ယခုလိုကိုဗစ်-၁၉ ကာလမှာလဲနေအိမ်အပြင် မထွက်ရတော့ခြင်း ယက်လုပ်ခြင်း လုပ်ငန်းကပိုမို ကောင်းမွန်ကြောင်း ခြင်းအမျိုးမျိုးယက်လုပ်သူကိုမျိုးထွန်းကပြောသည်။ ဝါးခြင်းအမျိုးမျိုးရက်လုပ်ရာတွင် အကောင်းဆုံးဝါးကတော့ ကလောဝါးဖြစ်ပြီး ဒီဝါးတွေကို ပုသိမ်မြို့နယ် မော်တင်၊ ငပုတော၊ မြင်းကကွင်း၊ ရွှေတွင်းတူး၊ မြစ်တစ်ရာတောမှ ထွက်သော ဝါးများဖြစ်ကာ ဝါးတစ်လုံးလျှင်၂၅၀.ကျပ်ဝယ်ယူရရှိပြီး ဝါးတစ်ကဒ်လျှင်အလုံးနှစ်ဆယ်ပါရှိကြောင်း သိရသည်။ အဓိကရက် လုပ်တဲ့ခြင်း များက ထုံးခြင်း၊ ပဲပင်ပေါက်ခြင်းတွေကိုသာအဓိကယက် လုပ်ရတာဖြစ်ပြီးကျန်ခြင်းများဖြစ်သော ပေါင်မုန့်ခြင်း၊ပန်းခြင်း၊ သစ်သီးခြင်း တို့ကို ယက်လုပ်သော်လည်း ထိုခြင်းမျာကို အော်ဒါမှာမှယက်လုပ်ရတာဖြစ်ပြီးထုံးခြင်း ပဲပင်ပေါက်ခြင်းတို့သည် နေစဉ်ယက် လုပ်နေ ရကြောင်း သိရသည်။ ခြင်းများမယက်လုပ်မီထုံးခြင်း၊ ပဲပင်ပေါက်ခြင်း ပြုလုပ်ရာတွင်ဝါးတစ်လုံးကို နှစ်ထောင့်ထွာဆီပိုင်းဖြတ်ပြီး တစ်လက်မ မပြည့်ခွဲစိက်ရပါတယ် ခွဲစိတ်ပြီးဝါးများကိုနှီးဖြာခွဲပြီးနောက်ခြင်း ယက်လုပ်မည့်ခြင်းဖက်အထိုင်ယက်လုပ်ပြီး ခေါင်းချိုးဂွေအထိုင်ယက် လုပ်ကာကြက် ခြေခတ်လေးဒေါင့်ထောက်ခံပြီးအပေါ်ပိုင်းသို့ဖြာထားသော နှီးများဖြင့်ရစ်ပတ်ခွေယက်ပြီးသော် ခေါင်းပိုင်းချုပ်ဂွေဝါးကွင်းဝိုင်း ထည့်ပြီးအနား သတ်ပြုလုပ်ရကြောင်းသိရသည်။ ခြင်းယက်လုပ်သူတစ်ဉီးလျှင် တစ်ရက်လျှင်ခြင်း.၅၀မှ၁၀၀အထိပြီးစီးကာ တစ်ဦးလျှင်ခြင်းယက် ခစျေးနှုန်းခြင်းတစ်လုံးလျှင် လျှင်၃၀ကျပ်ရရှိပြီးပေါင်မုန့်ခြင်း ပန်းခြင်းယက်လုပ်သူတို့သည်ခြင်းတစ်လုံး ၅၀ကျပ် မှ၈၀ကျပ် အထိရှိကြောင်း သိရသည်။ ခြင်းအမျိုးမျိုးကိုပုသိမ်မြို့ထဲရှိလုပ်ငန်းရှင်များကလာရောက်ဝယ်ယူလျက်ရှိကြကြောင်းသိရသည်။
မြင့်ဟန်