ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ်နေမှုတို့အား ကြည့်ရှုစစ် ဆေး

လွိုင်ကော် ဧပြီ ၂၇

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ်() မူလွန်(မင်္ဂလာ)ကျောင်းနှင့် အမှတ်() အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်နေမှုများ၊ နွေရာသီသင်တန်းများ ဖွင့်လှစ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ အမှတ်() မူလွန်(မင်္ဂလာ)ကျောင်းနှင့် အမှတ်() အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းရုံးခန်းနှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက်ရောက်ပညာသင်ကြားနိုင်ရန် လိုအပ်သည့် ကျောင်းသုံးရုံးသုံး ပရိဘောဂများ ဆောင်ရွက်ထားရှိရေး၊ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကလေးကစားကွင်းများ စနစ်တကျဖြစ်စေရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ဖွင့်လှစ်လျက်ရှိသည့် ကဗျာလွတ်အကသင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသူများ၏ တက်ရောက်လေ့ကျင့်သင်ကြားနေမှုများ၊ အင်္ဂလိပ်စာ (Grammar) နှင့် Four Skill စွမ်းရည်မြှင့်သင်တန်းတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)