စစ်ကိုင်းတောင်ရိုးရှိ သံဃာ၊ သီလရှင်များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး အခြေခံစားကုန်များ ပေးပို့လှူဒါန်း

မကွေး ဧပြီ ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် စစ်ကိုင်းတောင်ရိုးရှိ သံဃာ၊ သီလရှင်များ ဆွမ်းဝေယျာဝစ္စအဆင်ပြေစေရေး စုစုပေါင်း ငွေကျပ် (၁၅၂)သိန်းကျော်တန်ဖိုးရှိ အခြေခံစားကုန်များကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့သို့ ပေးပို့လှူဒါန်းခဲ့သည်။

ထိုသို့ ပေးပို့လှူဒါန်းရာတွင် အခြေခံစားကုန်များအဖြစ် စားသုံးဆီ ၆၈၀ ပိဿာ၊ ကြက်သွန်နီ ၃၀၀၀ ပိဿာ၊ ငရုတ်သီးခြောက် ၃၉၀ ပိဿာ၊ စုစုပေါင်း ၄၀၇၀ ပိဿာအား (၁၆)ပေရှည် (၆) ဘီးယာဥ် (၁)စီးဖြင့် တင်ဆောင်၍ အုပ်ချုပ်မှုယာဥ်(၁)စီး၊ စုစုပေါင်း မော်တော်ယာဥ် (၂)စီးဖြင့် မကွေးမြို့မှ စစ်ကိုင်းမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)