ပေါင်းတည်၌ ဒေသတွင်းမွေးမြူရေးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလျက်ရှိ

ပေါင်းတည် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသတွင်းမွေးမြူရေးကဏ္ဍထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းလျက်ရှိသည်။

 ထိုသို့ ကြိုးပမ်းလျက်ရှိရာ၌ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာရှိ ဦးကျော်နိုင်၏ ဘဲခြံ၌ ဘဲကောင်ရေ ၅၀၀၀ စမ်းသပ် မွေးမြူထားလျက်ရှိရာ ယခုအခါ ၃လသားအရွယ်ရှိနေကြပြီးဖြစ်ကြောင်း၊ ရောဂါကင်းရှင်းရေး၊ပုံမှန်ကြီးထွားရှင်သန်ရေး၊ ဒေသထွက် ဖွဲနု ဖွဲကြမ်း ဆန်ကွဲနှင့်အစာစိမ်းများကို အချိုးကျကျွေးမွေးနိုင်ရေးနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီဝင် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးနှင့်အဖွဲ့က အနီးကပ်ကြည့်ရှုစောင့်ရှောက်အကူအညီပေးလျက်ရှိကြောင်းသိရသည်။

 သားငါး ကြက်ဥ ဘဲဥများကို ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်စေရေး၊ ဒေသထွက်မွေးမြူရေးအစာများကိုအခြေခံ၍ ကျွဲ၊ နွား၊ ကြက်၊ ဘဲနှင့် ဝက်များ တိုးချဲ့မွေးမြူနိုင်စေရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့်ဆွေးနွေးကာလိုအပ်ချက်များကို တာဝန်ရှိသူများက ဖြည့်ဆည်းကူညီအားပေးလျက်ရှိသည်။

ရွှေသား(IPRD )