ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းမဟာရာဇမုနိ အောင်တော်မူစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ် ဘုံအဆင့်ဆင့်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား တက်ရောက်

ပုသိမ် ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်း လမ်းတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူ စေတီတော် မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့် တင်လှူ ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ “နမောတဿမဟာမဏာမ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားကာ နိုင်ငံတော်သံဃာဗဟို ဝန်ဆောင် မဟာဂန္တဝါစက ပဏ္ဍိတ ၊ သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကုမာရထံမှ သင်္ခေပနဝင်္ဂ (၉)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညို၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတို့မှ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူစေတီတော်မြတ် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို ပင့်ဆောင်၍ စေတီရင်ပြင်တော်တွင် လင်္ကျာရစ် (၃) ကြိမ် လှည့်လည်ပူဇော်ခဲ့ပြီး မင်္ဂလာအချိန်ရောက်ရှိသည့်အခါတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များက “ဇယန္တောဗောဓိယာမူလေ” အစချီသော နှစ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ဧည့်ပရိသတ်များမှ ရတနာသုံးပါး ဂုဏ်တော်ပွားပြီး မင်္ဂလာရထားပျံဖြင့် ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်း အနားမှူး ဦးဆောင်၍ ပရိသတ်အားလုံးတို့က “ဇိတံမေ အောင်ပြီ အောင်ပြီ အောင်ပြီ" ဟု သုံးကြိမ် ရွတ်ဆိုကြွေးကြော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရေစင်ရေသန့် သွန်းလောင်းသန့်စင်၍ အမွှေးနံ့သာရည် ဖျန်းပက်ပူဇော်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အတွင်း ပန်းလည်တိုင်၌ သာသနာ့အောင်လံတော် လွှင့်တင် ပူဇော်ခဲ့ပြီး ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး နှင့် လှူဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မဟာရာဇာမုနိအောင်တော်မူစေတီတော် ပြုပြင်မွမ်းမံတည်ဆောက်မှု သမိုင်းမှတ်တမ်းမော်ကွန်း လွှာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။ ထို့နောက် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက အနု မောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီး နတ်ဗြဟ္မာတို့အား ပြန်လည် ပို့ဆောင်၍ “ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီးက ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးသည် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)