မအူပင် ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအူပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွကပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါပူပေါင်းစစ်ဆေးရေးအဖွဲ့သည် ဆေးအမျိုးမျိုး အရောင်းဆိုင်များဖြစ်သည့် ဦးကျားဗိုလ်၊ မြမဉ္ဇူ၊ စောဒေဝီဆေးဆိုင်များနှင့် ရတနာထွန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ဦးစစ်ငွေ အိမ်ထောက်ပစ္စည်းအရောင်းဆိုင်တို့မှ ရောင်းချသော ဈေးကွက်ဈေးနှုန်းအခြေအနေများနှင့် ဈေးကွက်အတွင်း ဆေးဝါးများ ပုံမှန်ရောင်းချလျက် ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများအား ရောင်းချမှု ရှိ/မရှိများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးရာ ဘိလပ်မြေအမျိုးအစား၊ ရောင်းဈေး၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် သိုလှောင်ထား ရှိမှုရှိ/မရှိကိုစစ်ဆေးခြင်း၊ မအူပင်ဈေးကွက်အတွင်း အခြားသောအိမ်ဆောက်ပစ္စည်းများ ပုံမှန်ဈေးဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ ဘိလပ်မြေများ လက်ကျန်မရှိ၍ ရန်ကုန်၌ မှာယူ၍မရကြောင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးချက်အရ သိရှိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)