ဝါးခယ်မ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မစျေးအတွင်းရှိ ရောင်းချလျက်ရှိသော ကုန်စည်များအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဝယ်ယူစားသုံးလျက်ရှိသည့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက်ရည်ရွယ်ပြီး ဝါးခယ်မ မြို့မစျေးအတွင်းရှိ ရောင်းချလျက်ရှိသော ကုန်စည်များဖြစ်သည့် ဆန်၊ ဆီ၊ ဆေးဆိုင်များ မုန့်မျိုးစုံဆိုင်များအနေဖြင့် ပစ္စည်းများသိုလှောင်ထားရှိမှု၊ ရောင်းချရန်မသင့်သည့် ကုန်စည်များ ရောင်းချမှုမရှိစေရေး၊ စားသုံးဆီများအား ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချစေရေး၊ သတ်မှတ်စျေးနှုန်းများဖြင့် ကုန်စည်များအား ရောင်းချစေရေးတို့ကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးအောင်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဝါးခယ်မမြို့မစျေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါဆိုင်များအား လိုအပ်သည့်အသိပညာဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)