တောင်တွင်းကြီး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ နိုင်ငံစီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆည်ရေသောက်စနစ်ကို အသုံးပြုကာ နွေစပါး ဧက ၉၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၄ -၂၀၂၅ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ဆည်ရေသောက်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါးဧက ၈၀၀ ကျော် စိုက်ပျိုးရန်လျာထားသတ်မှတ်ခဲ့ပြီး ယခုအခါတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ စိုက်ပျိုးနွေစပါးဧကများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ်တွင် အောင်နိုင်တိုး၊ ဆာပိုးသား နွေစပါးမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး နွေစပါးစမ်းသပ်စိုက်ကွက်များ၊ စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များ၊ ဘက်စုံအဆင့်မြှင့် နည်းပညာသုံးစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စက်စိုက်များဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ကောက်စိုက်သမားများဖြင့် စနစ်တကျကွင်းဆင်း၍ ကြိုးတန်းစိုက်ပျိုးခြင်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီမှူးနှင့် ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေတိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ကာ ပြည်ပစျေးကွက်များသို့ တိုးချဲလာနိုင်စေရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နွေစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရန်ပယ်ဆည်ရေသောက်စနစ်ဖြင့် နွေစပါး (၈၀၀)ဧကကျော်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါးဧက (၁၀၀)ကျော်၊ စုစုပေါင်း ဧက (၉၀၀)ကျော် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)