ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်သင့်ခဲ့သည့် အိမ်ထောင်စုများထောက်ပံ့ပေးအပ်ခြင်းနှင့် မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဆိပ်ဖြူ ဧပြီ  ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများထောက်ပံ့ပေးအပ်ခြင်းကို ငွေသဲဖြူခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းနှင့် မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတို့က ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ် ကဇွန်းမကျေးရွာ၌ မတ်လ ၂၉ ရက်နေ့နံနက် ၆ နာရီ ၁၅ မီနစ်အချိန်ခန့်က မီးကြွင်းမီးကျန်မှတဆင့် လူနေအိမ် (၄)လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၂၄) ဦး မီးဘေးသင့်ထိခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများနှင့် လူဦးရေ(၂၄)ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း (၅၂၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ကစ်ပုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘေးအန္တရာယ်ဆိုသည်မှာ လူတို့ပေါ့ဆမှုကြောင့်ဖြစ်ပွားရသည့်များရှိပြီး၊ ကြိုတင်ခန့်မှန်းမရရှိနိုင်သည့် ဘေးအန္တရာယ်အများရှိသည့်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်သွားရန်၊ လက်ရှိကာလသည် အပူချိန်မြင့်မားပြီး ပူးပြင်းခြောက်သွေ့သောကာလဖြစ်သလို၊ မိုးကြိုကာလဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်မှု မီးဘေးအန္တရာယ်ကို အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားပေးပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မီးဘေးအန္တရာယ်၊ အပူချိန်မြင့်မားမှုအန္တရာယ်နှင့် လေပြင်းတိုက်ခတ်မှုအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးလင်းနိုင်(IPRD)