မင်းဘူး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မင်းဘူး(စကု)မြို့နယ်၊ မင်းလှကုန်းကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောပွဲတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်ဇေယျက “မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အဆိုပါကျေးရွာများရှိ မိဘပြည်သူ ကျား (၈၀) ဦး၊ မ (၉၀) ဦး စုစုပေါင်း (၁၇၀) ဦးတို့အား အသိပညာပေးဟောပြောခြင်း၊ မမြင်နိုင်သော လူသတ်သမား PM.2.5 အန္တရာယ်အသိပညာပေး video clip ဖြင့်ပြသ၍ သရုပ်ပြရှင်းလင်းဟောပြောကာ မီးခိုးမြူငွေ့အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)