လှိုင်းဘွဲ ဧပြီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းများ၊ ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်စန္ဒာအောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရာစီမံကိန်း ရည်မှန်းချက်များ၊ လှိုင်းဘွဲမြို့နယ်တွင် ဂျီဒီပီ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်းဖိုး (GDP) အခြေအနေအရ လယ်ယာကဏ္ဍကြီး (လယ်ယာ+သားငါး+သစ်တော)၊ စက်မှုကဏ္ဍကြီး (သတ္တု+စက်မှု+လျှပ်စစ်+ဆောက်လုပ်မှု)၊ ဝန်ဆောင်မှုကဏ္ဍကြီး (ပို့ဆောင်ရေး+ဆက်သွယ်ရေး+ငွေကြေး+လူမှုရေးနှင့် စီမံခန့်ခွဲရေး+ဌားရမ်းခနှင့် အခြားဝန် ဆောင်မှု) ကဏ္ဍကြီး(၃)ခုအပေါ် အခြေခံ၍ ကျပ်သန်းပေါင်း (၂၅၁၇၄၃.၆)ဖြင့် ယခင်နှစ်ထက် (၂၄.၃)ရာခိုင်နှုန်း တိုးတက်ရရှိရန် ရေးဆွဲထားပါကြောင်း၊ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများအပေါ် အသေးစိတ်အချက်များ ရှင်းလင်းတင်ပြခြင်း၊ ဒေသန္တရာစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ဌာနများအနေဖြင့် ကဏ္ဍအလိုက် စိမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှူးတို့က သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများအား ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များတာဝန်နှင့် နိုင်ငံပိုင်ကဏ္ဍရင်းနှီးမြုပ်နှံမှု လျာထားချက်များ တာဝန်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)