မကွေး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၂၀၂၅-၂၀၂၆) ခုနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရွှေငြိမ်းက စီမံကိန်းတာဝန်များကို ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် စီမံကိန်းရည်မှန်းချက် တာဝန်များဖြစ်သော ဒေသန္တရရည်မှန်းချက်တာဝန်များအား မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဦးက လယ်ယာကဏ္ဍကြီးကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးကိုယ်စား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးကိုယ်စား ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာအားလည်းကောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)