ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၃/၂၀၂၅)ဖွင့်လှစ်

ကန့်ဘလူ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၃/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ယခုအခါ ကွန်ပျူတာပညာရပ်များကို လူတိုင်းတတ်မြောက်ထားသင့်သည့် ဘာသာရပ်ဖြစ်သလို လုပ်ငန်းခွင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ၊ ဝန်ထမ်းများအတွက်လည်း အခြေခံမှစ၍ တတ်မြောက်ထားရမှာဖြစ်ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ဆက်လက် ရှင်းလင်းပြောကြားသည်။

ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးအား ကွန်ပျူတာ အခြေခံပညာရပ်နယများကို သင်တန်းကာလ တစ်လကြာ စာတွေ့လက်တွေ့သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် အဆိုပါကွန်ပျူတာအခြေခံသင်တန်းကို လစဥ် စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)