ဆင်ပေါင်ဝဲမြို့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများဆောင်ရွက်

ဆင်ပေါင်ဝဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာထူးမြတ်ကျော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးချိုဆီးချိုရောဂါစစ်ဆေးကုသပေးခဲ့ပြီး သက်ဆိုင်ရာရောဂါများအလိုက် သောက်ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)