ညောင်တုန်းမြို့နယ်၌ အခြေခံစား‌သောက်ကုန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်‌စေရေး ကွင်းဆင်းစစ်ဆေး

ညောင်တုန်း ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း‌ ရောင်းချလျက်ရှိသည့် အခြေခံစား‌သောက်ကုန်၊ ဆေးဝါးနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်‌စေရေးနှင့်  ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တွင်းရှိ ကုန်ပစ္စည်းရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ဈေးကွက်အတွင်း ရောင်းချနေသည့် အခြေခံစား‌သောက်ကုန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတွင် ဈေးနှုန်းမှန်ကန်‌စေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)